MNP - မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် Playing Football Learning Life Skills (ဘောလုံးအခြေပြု လူငယ်နှင့် အားကစားဖွံ့ဖြိုးတိုးတက်အစီအစဉ်) သင်တန်းကို ယနေ့ မတ်လ ၁၇ ရက်နေ့၌ (၅)ရက်မြောက်နေ့ အဖြစ် မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းကို မတ်လ (၁၄)ရက်နေ့မှစတင်ဖွင့်လှစ်ကာ အ.ထ.ကရေဖြူမှ အသက် (၁၄)နှစ်အောက် လူငယ်များအား တာဝန်ယူတတ်စေရန်၊ ခေါင်းဆောင်မှုအရည်အသွေးထားရှိတတ်စေရန်၊ စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာဖွင့်လှစ်ခြင်း ဖြစ်ကြာင်းသင်တန်းကြီးကြပ်သူ ဦးထွန်းပြည့်အောင်က ပြောကြားသဖြင့် သိရသည်။
အဆိုပါသင်တန်းမှာ သင်တန်းကာလ (၆)ရက်ဖြစ်ပြီး ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သင်တန်း နည်းပြ (၈)ဦးဖြင့် ပို့ချလျက်ရှိရာ သင်တန်းသား(၂၅)ဦးနှင့် လေ့လာသူ(၅)ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
သတင်း - ခတ္တာ
မြန်မာနေရှင်နယ်ပို့စ်








No comments:
Post a Comment