ကဝမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

 


MNP - မတ်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (၃၁.၃.၂၀၂၂)ရက်နေ့မှ (၉.၄.၂၀၂၂) ရက်နေ့အထိ စာစစ်ဌာန (၃)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက စာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းအောင်က စာမေးပွဲ၊ မဖြေဆိုခင်၊ ဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည့်အထိ လုံခြုံရေးအင်အား စီမံဆောင်ရွက်ထားရှိမှု၊ မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က မေးခွန်းနှင့် အဖြေလွှာများ သယ်ယူပို့ဆောင်ရေး၊ ကျောင်းသူ/ ကျောင်းသားများ တည်းခိုနေထိုင်မည့်နေရာ၊ လုံခြုံရေး စီမံဆောင်ရွက် ထားရှိမှု၊ သက်ဆိုင်ရာ နယ်မြေများအလိုက် စာစစ်ဌာနများထားရှိမှုအတွက် လုံခြုံမှုရှိစေရန်ကို ပညာရေးဌာနမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့်  ရပ်ကျေးအဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက်ကြရန်နှင့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာသော ဌာနဆိုင်ရာများက သိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

သတင်း - သန်းသန်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)