မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ

 


MNP -  မတ်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သံဃနာယကဥက္ကဌဆရာတော်၊ အောင်မင်္ဂလာမွေတော် အနောက်ကျောင်းဆရာတော်မှ ကြီးမှူးကျင်းပသည့် ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာမတ်လ၂၂ရက်နေ့နံနက်ပိုင်းတွင် ဥက္ကဋ္ဌဆရာတော်ဘုရားထံတွင် ရတနာသုံးပါးကန်တော့ ၍ငါးပါးသီလခံယူပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ လှည့်လည်ကန်တော့ကြသည်။ ဆက်လက်ပြီး ဖိတ်ကြားထားသော ဒေသခံများသာမက ရပ်ဝေးရပ်နီးဧည့်သည်များအား စားသောက်ဖွယ်ရာများ၊ အချိုရည်များဖြင့် ဧည့်ခံကျွေးမွေးကြပြီး ယမန်နေ့ညနေ၄နာရီတွင် လှူဖွယ်ပစ္စည်းများ၊ ပဒေသာပင်များ၊ ရှင်လောင်းများနှင့် အိုးစည်ဗုံမောင်းများတို့ဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ပတ်အလှူ လှည့်လည်ခဲ့သည်။ ထို့နောက် ယနေ့နေ့လည်(၂)နာရီ အောင်မင်္ဂလာမွေတော် အနောက်ကျောင်းတွင် ရှင်လောင်းများအား ရှင်သာမဏေအဖြစ်ရဟန်းဘဝသို့ သွတ်သွင်းပြီး ပင့်ဖိတ်ထားသောဆရာတော် သံဃာတော်များထံတွင် ရတနာသုံးပါးကန်တော့၍ ငါးပါးသီလခံယူပြီး ရေစက်သွန်းချအမျှပေးဝေမည်ဖြစ်ကြောင်း သိရသည်။   

သတင်း - စိုင်းမျိုးသန့်  

မြန်မာနေရှင်နယ်ပိုစ့်                   

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)