ရွေသောင်ယံမြို့ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေသောင်ယံမြို့ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်



MNP -  မတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က သဘာဝဘေးအန္တရယ်ဆိုင်ရာ အသိပညာပေး (Talk Show)ကို ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆောင်ရွက်ခဲ့ကြသည်။

သဘာဝဘေးအန္တရယ်ဆိုင်ရာ (Talk Show) ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများနှင့်စပ်လျင်း၍ မေးမြန်းရာ ရွှေသောင်ယံနယ်မြေ မီးသတ်စခန်းမှ တပ်ကြပ်ဇော်ဇင်မိုးမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေအင်အား (၄)ဦး၊ အရန်အင်အား (၂၀)ဦးတို့မှ အသင့်အနေအထားဖြင့် ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်အောင် စီးမံထားပြီး လိုက်လံဆော်ဩသွားမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်မှုများအနေဖြင့် မဖြစ်ခင်၊ ဖြစ်နေစဉ်၊ ဖြစ်ပြီးအချိန်တို့တွင် မည်သို့လုပ်ဆောင်ရမည်ကို ကြိုတင်စီစဉ်ထားကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူများနေဖြင့် လိုအပ်သလို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး အကူအညီများ ရယူနိုင်ကြောင်း သဘာဝဘေးအန္တရယ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို အစဉ်အမြဲ နားစွင့်နေဖို့အတွက်ကိုလည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။

သတင်း - ကိုကိုမောင်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)