ပေါင်မြို့နယ်တွင် အဆုတ် (တီဘီရောဂါ)နှင့် ရင်ခေါင်းရောဂါဆိုင်ရာများ ရှိ၊ မရှိ အခမဲ့စစ်ဆေးစမ်းသပ်ကုသပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်တွင် အဆုတ် (တီဘီရောဂါ)နှင့် ရင်ခေါင်းရောဂါဆိုင်ရာများ ရှိ၊ မရှိ အခမဲ့စစ်ဆေးစမ်းသပ်ကုသပေးသွားမည်


MNP ၊ မတ် ၃၁

အဆုတ် (တီဘီရောဂါ)နှင့် ရင်ခေါင်းရောဂါဆိုင်ရာများ ရှိ၊ မရှိကို ပေါင်မြို့နယ်တွင် လာမည့် ဧပြီလ ၁ ရက်နေ့၌ အခမဲ့စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အိုင်အိုအမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော အဆုတ် (တီဘီရောဂါ) နှင့် ရင်ခေါင်းရောဂါဆိုင်ရာ နယ်လှည့်ဆေးခန်းဖွင့်ခြင်းအစီအစဉ်အရ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ကျန်းမာရေးဌာန၌ ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲအတွင်း မည်သူမဆိုလာရောက်ပြသနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါအစီအစဉ်အရ အဆုတ်နှင့်ရင်ခေါင်းဆရာဝန်များဦးဆောင်သောနယ်လှည့်ဆေးခန်းအဖွဲ့မှ ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်း၊ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ ရှိ၊ မရှိ အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးမည်ဖြစ်သည်။


မိဘပြည်သူများအနေဖြင့် ချောင်းဆိုခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပိန်သွားခြင်း၊ ခေါင်းချွေးပြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အင်းအာချိနဲ့ခြင်း၊ လည်ပင်အကြိတ်ကြီးခြင်း စသည့်ရောဂါလက္ခဏာများ ခံစားနေရပါက လာရောက်ပြသနိုင်ကြောင်း ၎င်းက ပြောသည်။


ဒါ့အပြင် တီဗီလူနာနှင့် အနီးကပ်နေထိုင်သူများ၊ တီဘီလူနာဟောင်းများ၊ HIV ပိုးရှိသူများ၊ ဆီးချိုရောဂါရှိသူများနှင့် အသက်အရွယ်ကြီးရင့်သူများ၊ ကြာရှည်စွာဆေးလိပ်အရက်သောက်သူများ၊ ဆေးစွဲသောက်နေရသူများ၊ အာဟာရချို့တဲ့သူများ၊ နာတာရှည် ရောဂါသည်များလည်း အခမဲ့ စစ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)