သုံးခွမြို့နယ်ရပ်ကွက်/ကျေးရွာအတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်ရပ်ကွက်/ကျေးရွာအတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး မိုဘိုင်းစနစ်ဖြင့် ကွင်းဆင်းထိုးနှံပေး

 



MNP - မတ်    ၂၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ရပ်ကွက်/ ကျေးရွာအတွင်းရှိ ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး မိုဘိုင်းစနစ်ဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၂နာရီခွဲအချိန်က အမှတ်( ၇)ရက်ကွက် လိုတချမ်းသားဓမ္မာ ရုံတော်ကြီးတွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုး ရန်ကျန်ရှိနေသူပြည်သူများအား (Covishield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များအား(Sinopharm) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ပက်သက်၍လည်း ကျန်းမာရေးမှူး အဆင့်(၁) ဦးအောက်ဇော်ထက်က  ကိုဗစ်-၁‌၉ ကာကွယ်ဆေးထိုးနှံအသက်(၁၈) နှစ်အထက် အကျုံးဝင် လူဦးရေ(၁၀၀) ရာခိုင်နှုန်းပြည့်မီအောင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ  တွေမှာ ကွင်းဆင်း၍ ထိုးနှံပေးနေတာဖြစ်ပါကြောင်း၊ ပြည်သူလူထုအ‌နေဖြင့် မြို့ပေါ်စုရပ်များ အပြင်ကျေးရွာများမှာလည်း သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများမှ စုရပ်များခွဲ၍ ထိုးနှံပေးနေတာဖြစ်သောကြောင့် မိဘပြည်သူများ အနေဖြင့် ရောဂါကြီးကိုကာကွယ်နှိမ်နှင်းနိုင်ဖို့ဆိုရင်ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာပါဝင်သောကြောင့် မဖြစ်မနေကာ ကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပေးစေလိုကြောင်း၊ ကျေးရွာများအနေဖြင့် ညောင်နီကျေးရွာ၊ ဇွဲထော်ကျေးရွာ၊ တကောကျေးရွာ၊ တင်းတောင်းချောင်ကျေးရွာ စသဖြင့် ကျေးရွာ ပေါင်း ၁၅ ရွာအား ယနေ့မတ်လ ၂၅ရက်နေ့တွင် ထိုးနှံပေးမှာဖြစ်ပြီး ၂၆ ရက်နေ့တွင် ပုလဲကျေးရွာ၊ ပျဉ်းမကန်ကျေးရွာ၊ ပတုပ်ကျေးရွာ၊ ဘန့်ဘွေးကျေးရွာ အစရှိသည့် ကျေးရွာများသို့လည်း ဆက်လက်၍ မိုဘိုင်းစနစ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်း - စည်သူလင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)