MNP - မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူများထိုးနှံရန် မကျန်ရှိစေရေးအတွက် နေအိမ်များအရောက် ကွင်းဆင်း ထိုးနှံပေးခြင်းကို ယနေ့နံပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲများမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော နေအိမ်များ အရောက် ကောက်သင်းကောက် စနစ်ဖြင့် လိုက်လံထိုးနှံပေးခဲ့ကြောင်းသိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment