မြောင်းမြမြို့တွင် Clean City၊ Smart City ဖြစ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် Clean City၊ Smart City ဖြစ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်



MNP -  မတ်   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် Clean City ၊ Smart City ဖြစ်လာစေရေးအတွက် စုရပ်နေရာများခွဲကာ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီ၌ (၄)လမ်းမကြီးမှစ၍ (၃)လမ်းနှင့် (၂)လမ်းဝန်းကျင်တစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းခြင်းလုပ်ငန်းကို မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်းအင်အား (၁၂၀) ခန့်က အမှိုက်အိတ်များဖြင့် လမ်းဘေးဝဲယာဝန်းကျင် တစ်လျှောက် အမှိုက်ကောက်ခြင်း၊ သန့်ရှင်းခြင်းများကို စုပေါင်းဆောင်ရွက်ကြပြီး၊ အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံ သိမ်းဆည်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြောင်းမြမြို့တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့က အသိပေးကြေညာဆိုင်းဘုတ်များ၊ အမှိုက်ပုံးများထားရှိပြီး ရပ်ကွက်များအတွင်း အမှိုက် သိမ်းကားများဖြင့် အလှည့်ကျ လိုက်လံသိမ်းဆည်းပေးလျက်ရှိကြောင်း သိရသည်။

 သတင်း - ခင်ရူပါအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)