နွားထိုးကြီးမြိုရှိ EPC ရုံး၌ မီတာဆောင်ချိန်ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြိုရှိ EPC ရုံး၌ မီတာဆောင်ချိန်ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိ


MNP - မတ်    ၃၀

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နွားထိုးကြီးမြို့ရှိ မြို့နယ် EPC ရုံး၌ မတ် ၂၉ ရက်(ယမန်နေ့)နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

နွားထိုးကြီးမြိုရှိ မြို့နယ် EPC ရုံး၌ နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

"ဝန်ထမ်းအမျိုးသမီးတစ်ယောက်တော့ ဗုံးစထိတာလား အပျက်အစီးကနေထိတာလားတော့မသိဘူး ဒဏ်ရာရသွားလို့ ဆေးရုံကိုလူနာတင်ကားနဲ့တင်ခေါ်သွားတာတွေ့တယ်"ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ရုံးဝင်းအတွင်း၌ မီတာလာဆောင်သူများရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား လုံခြုံရေးအဖွဲဝင်များက မြို့နယ် EPC ရုံးအားယာယီပိတ်၍စစ်ဆေးမှုများပြုလုပ်ကာ ဖြတ်သန်းသွားလာနေသူများကိုလည်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)