ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင်ဖြစ်ရေးအတွက် တရားဝင်လျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းနိုင်ငံက ဥရောပသမဂ္ဂ (EU)အဖွဲ့ဝင်ဖြစ်ရေးအတွက် တရားဝင်လျှောက်ထား


ကိဗ် ၊ မတ် ၁

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky သည် အထူးလုပ်ထုံးလုပ်နည်းသစ်တစ်ခုမှတဆင့် ယူကရိန်းနိုင်ငံ၏ အဖွဲ့ဝင်အဖြစ်လျှောက်ထားမှုအဖြစ် ဥရောပသမဂ္ဂ(EU) ဝင်ခွင့်အတွက် တရားဝင်လျှောက်ထားမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သမတပြောရေးဆိုခွင့်ရှိသူ Sergii Nykyforov က ဆိုသည်။

Facebook လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် Nykyforov က ယူကရိန်းနိုင်ငံအတွက် သမိုင်းဝင်လျှောက်လွှာတင်သွင်းမှုဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


ယင်းနေ့အစောပိုင်းတွင် ယူကရိန်းသမ္မတ Zelensky က ရုရှား၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စော်ကားမှုကြောင့် ဥရောပသမဂ္ဂ(EU) အနေဖြင့် ယူကရိန်းအား အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါရန် တိုက်တွန်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် အခြေခံဥပဒေတွင် ယူကရိန်းနိုင်ငံ၏  နေတိုးအဖွဲ့ထဲဝင်ရောက်ခြင်း နှင့် ဥရောပသမဂ္ဂ(EU) ထဲဝင်ရောက်ခြင်း ရည်မှန်းချက်အပါအဝင် ယူကရိန်းလွှတ်တော်က ပထမဆုံးအကြိမ်ဥပဒေကြမ်းတစ်ခုကို ထောက်ခံအတည်ပြုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ အနောက်တိုင်းလိုလားသော အစိုးရအဖွဲ့အာဏာရလာချိန်တွင် ကိဗ်(ယူကရိန်းနိုင်ငံ)အနေဖြင့် ၎င်း၏ အဖက်ဖက်နှင့်ဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ကာ ဥရောပဆီ တိုးချဲ့မှုဦးတည်သည့် ဆက်ဆံရေးအခင်းအကျင်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ထို့အပြင် ယူကရိန်း၏ ဘက်မလိုက်လှုပ်ရှားမှုရပ်တည်ချက်ကို လွှတ်တော်က တရားဝင်ရုပ်သိမ်းလိုက်ပြီး နေတိုးအဖွဲ့ဝင်အဖြစ် ၎င်း၏ ကြိုးပမ်းမှုကို အစဉ်တစ်စိုက်ထောက်ခံအားပေးခဲ့သည်။

ထိုအချိန်မှစတင်ကာ ယူကရိန်းနိုင်ငံသည် ဥရောပသမဂ္ဂ(EU) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့သလို နေတိုး(NATO) နှင့်လည်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ခဲ့သည်။ သို့သော်လည်း ဥရောပသမဂ္ဂ(EU) ရော နေတိုး(NATO) အဖွဲ့ပါ မည်သည့်အဖွဲ့ကမျှ ယူကရိန်းအား အဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)