MNP ၊ မတ် ၂၀
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုအစီရင်ခံစာ (Preliminary Needs Assessment-PN) တွင်ပါဝင်သောအကြံပြုချက်များနှင့် အညီရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အကောင်အထည် ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီး ဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ၏ ပထမအဆင့်ဦးစားပေးစီမံကိန်း(၇)ခုအား အ ကောင် အ ထည်ဖော်ဆောင်လျှက်ရှိရာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌မေယု FM ရေဒီယို အစီအစဉ်များကို ဖမ်းယူ နား ဆင် မှုနှင့်ပတ်သက်၍ ပရိသတ် ၏ သဘောထား အမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်မှစတင်၍ မောင်တောမြို့ ၊ လသာရပ်ကွက် အတွင်း မြေပြင် ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ မေယု FM ရေဒီယို နားထောင်မှုဆိုင်ရာစစ်တမ်းကောက်ယူရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးဦးစိုးလွင် က မေယု FMရေဒီယို နားထောင်မှုဆိုင်ရာ စစ် တမ်းကောက် ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မောင် တောခရိုင်ရုံးမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေယုFM ရေဒီယိုနား ထောင် မှုဆိုင်ရာ စစ်တမ်း များကောက်ယူခဲ့ပြီး၊ စစ်တမ်းဖြည့်သွင်းသူများထံ လက်ဆောင်ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မေယုFM ရေဒီယိုနားထောင်မှုဆိုင်ရာပရိသတ်များစစ်တမ်းများကောက်ယူရာတွင် မောင်တောမြို့ ၊ လသာ ရပ်ကွက်အတွင်း ရှိ ပြည်သူ(၆၇၀)ဦးတို့က စစ်တမ်းဖြည့်သွင်းခဲ့ကြပြီး လသာရပ်ကွက်နေသူ ဦးရောဖီးလ်က မေယု FM ရေဒီယို နားဆင်ရခြင်းနှင့်ပတ်သက်၍ အသံများကြည်လင် ပြတ်သားမှုရှိပြီး ပြည်တွင်းသတင်းများ၊ နိုင်ငံ တကာသတင်း များ ၊ နေရပ် စွန့်ခွာသူများအားပြန်လည်လက်ခံရေးဆောင်ရွက်နေမှုသည့် သတင်း၊ ကိုဗစ်-၁၉ ရောဂါ အကြောင်းသိကြောင်းစရာများ ၊ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများအား၊ ကျန်းမာရေးဆိုင်ရာ သတင်းများ၊ ထုတ်လွှင့်နေမှုများသည် သတင်း များ နှင့် သီချင်းများကြား ညှပ်ကာ ထုတ်လွှင့်သည့် အတွက် မေယုFM ထုတ်လွှင့်မှုအား ကြိုက်နှစ်သက်ကြောင်း၊ တေးသီချင်းများကိုလည်း အများထုတ်လွှင့်စေလိုကြောင်း၊ မိုးလေဝသသတင်းများသည့် မိမိ တို့ အတွက် အကျိုးရှိ ကြောင်း ၊ ဘေးအန္တရာယ်များ ဖြစ် ပေါ်လာနိုင်သည့်များကို ကြိုတင်ထုတ်လွှင့် ပေးခြင်း များ နှစ် သက်ကြောင်း၊ နိုင်ငံတော် အကြီးအကဲ များ၏ လှုပ်ရှားမှုသတင်းများ၊ မိမိတို့ မြို့နယ်အတွင်း လှုပ်ရှားမှု သတင်း များကို အစဉ်အမြဲနားထောင်ရ၍ ပိုနှစ်သက်ကြောင်း အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment