ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ SOLAR MINI GRID လုပ်ငန်းဖွင့်ပွဲ တက်ရောက် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ် သဲရိုးကျေးရွာ SOLAR MINI GRID လုပ်ငန်းဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်



MNP - မတ်    ၂၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ ခြင်တို့အုပ်စု၊ သဲရိုးကျေးရွာရှိ တောင်သူ ဦးသိန်းစိုး ပိုင်ဆိုင်သော ကိုင်းကွင်း အတွင်းရှိ SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ကရောက်ရှိခဲ့ပြီး SOLAR MINI GRID လုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာ၊ မိမိတို့အစိုးရအနေနှင့် ကျေးလက်နေပြည်သူများ၏ လူမူဘဝမြှင့်တင်ရေး လုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလို မိမိဒေသ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကူညီပေးကြသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လုပ်ငန်းဆောင်ရွက်ပေးပါသော ကုမ္မဏီများ၊ ပူးပေါင်းပါဝင်ခဲ့ကြသော ကျေးရွာနေ ပြည်သူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ မီးရရှိပြီဖြစ်ပါသောကြောင့် မိမိတို့ ကျေးရွာနေ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးစသည့် လူနေမူဘဝများ ယခင်ကထက်များစွာ တိုးတက်လာမည်မှာ ဧကန်ဖြစ်ကြောင်း၊ ရေရှည်အသုံးပြုနိုင်ရေးအတွက် အားလုံးတွင် တာဝန်ရှိကြောင်း၊ ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းမှ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး  စီမံကိန်း (NEP-MiniGrid) လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း ပြောကြားပြီးနောက် မီးလင်းရေးဖွင့်ပွဲ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ပြီး Solar Mini Grid မီးလင်းရေးမုခ်ဦးရှေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ Mega Globle Green Automation Co;Ltd မှ MD ဦးဇော်ဇော်အောင်၊ တိုင်းဒေသကြီး ကျေးလက်ဦးစီဌာနမှူး ဦးနေထက်ရှိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့မှ Mini Gလုပ်ငန်း ကမ္ဗည်းမော်ကွန်း ကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံသာရည်များ ပက်ဖြန်းခြင်း၊ Mini Grid မီးလင်းရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ Solar Grid မီးလင်းရေးလုပ်ငန်းစဉ်အား (၂၀၁၉-၂၀၂၀)ပြည့်နှစ် ဘဏ္ဍာရေးနှစ်တွင်  Mega Global Green AutomationCo.ltd မှ ဦးဆောင်၍ (၁-၉-၂၀၂၀)ရက်နေ့မှ (၂၈-၈-၂၀၂၁)ရက်နေ့ ထိတာဝန်ယူ လုပ်ဆောင်ခဲ့ပြီး အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP-MiniGrid)မှ၆၀%၊ ဒေသခံပြည်သူ ထည့်ဝင်ငွေ၂၀%၊  Mega Global GreenAutomation Co.ltd(MGGA)မှ ၂၀%၊ စုစုပေါင်း ငွေကျပ်(၉၉၆.၅၇၆ )သန်းကျပ် ကုန်ကျခဲ့ကြောင်း၊ သဲရိုး ကျေးရွာတွင်အိမ်ခြေ(၃၆၀)လုံး၊ အိမ်ထောင်စု(၄၀၀)စုလူဦးရေပေါင်း (၂၀၀၀)ကျော်ရှိပြီး ယခုအချိန်တွင် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် (HYBRID SYSTEM)ဖြင့်  (၁၀၅.၆) ကီလိုဝပ်ထိ ထုတ်ယူ သုံးစွဲနိုင်ပြီး ပြည်သူအသုံးပြု အဆောက်အဦများဖြစ်သော စာသင်ကျောင်း(၂)ကျောင်း၊ ဆေးပေးခန်း (၁)ခု၊ ဓမ္မာရုံ(၁)ခု၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ လမ်းမီးတိုင်(၉၁)တိုင်နှင့် အိမ်ခြေ(၂၇၀)လုံးတို့အား အချိန်ပြည့် လျှပ်စစ်မီးစတင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)