မောင်တောမြို့တွင် ၂၀၂၂ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) စာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့တွင် ၂၀၂၂ ခုနှစ် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) စာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဆက်လက်ဖြေဆို








MNP ၊ မတ် ၂၃

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့တွင်  ၂၀၂၁ -၂၀၂၂  ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်း အဆင့်အဋ္ဌမတန်း(Grade-9) စာမေးပွဲ နောက်ဆုံးနေ့ ယနေ့ နံနက်ပိုင်းတွင် သိပ္ပံဘာသာရပ်အား စာစစ်ဌာနများတွင် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုကြလျက်ရှိသည်။ 

အဆိုပါ ၂၀၂၂ ခုနှစ်  အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်း(Grade-9) နောက်ဆုံးနှစ်ဝက်စာမေးပွဲ ကို စာ စစ် ဌာန(၁၈)ခုတွင် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ ကြီးကြပ်လျက် တာဝန်ရှိသူများက  စာရင်းရှိ  ကျောင်းသား (၆၉၈) ဦး နှင့် ကျောင်းသူ(၃၀၅)ဦး စုစုပေါင်း (၁၀၀၃)ဦး ရှိသည့်အနက် ယနေ့ သိပ္ပံဘာသာအား လာရောက် ဖြေ ဆိုသူ ကျောင်း သား(၆၂၀)ဦး နှင့် ကျောင်းသူ(၂၈၄) ဦး စုစုပေါင်း(၉၀၄)ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကျောင်းသား(၇၈)ဦး နှင့် ကျောင်း သူ(၂၁)ဦး စုစုပေါင်း (၉၉)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၀.၁၃)ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ(၉.၈၇)ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)