ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၁-၂၀၂၂ Mini-Budget အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၁-၂၀၂၂ Mini-Budget အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်


MNP ၊ မတ် ၁၈

၂၀၂၁-၂၀၂၂ Mini-Budget အတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊  အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်သည် မြန်မာနိုင်ငံ၏ သဘာဝထိန်းသိမ်းရေး နယ်မြေများအတွင်း၌ ရှိသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ခြင်းနှင့် စီမံအုပ်ချုပ်မှု အဆင့်မြှင့်တင်ခြင်း အတွက် အဓိကကျသည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကို အခြေခံရေးဆွဲထားခြင်း ဖြစ်သည့်အတွက် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်းမှ ချမှတ်ထားသည့်  လုပ်ငန်းစဉ်များနှင့် နိုင်ငံတကာ သဘောတူညီချက်များကို ဖြည့်ဆည်း ဆောင်ရွက်သည့် လုပ်ငန်းစဉ် တစ်ရပ်လည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ သဘာဝထိန်းသိမ်းရေးနယ်မြေ (၅၇)ခု၊ နိုင်ငံဧရိယာ၏ (၆ ဒသမ ၄၃) ရာခိုင်နှုန်း သတ်မှတ်ဖွဲ့စည်းထားပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိန်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝထိန်းသိမ်းရေး နယ်မြေများရှိ သဘာဝအမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ရှိရင်းစွဲ သဘာဝအနေအထားများကို ထိန်းသိမ်းခြင်းနှင့် ပျက်စီးယုတ်လျော့သွားသော သဘာဝအနေအထားများကို ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ် (၂) ရပ်ဖြင့် အလေးထား အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ အလေးထား ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတကာနှင့်ဒေသတွင်းအရေးပါသော နေရာများဖြစ်သည့် လူသားနဲ့ဇီဝ အဝန်းနယ်မြေ၊ ရမ်ဆာ ရေဝပ်ဒေသ၊ အာဆီယံ အမွေအနှစ်ဥယျာဉ်၊ အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာ လမ်းကြောင်းကွန်ယက်နယ်မြေများအဖြစ် နိုင်ငံတကာ၏ သတ်မှတ်ခြင်းခံခဲ့ရ ကြောင်း။

တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်သည် အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်၍ လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြင်ဆင်၍ အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် ရန်ပုံငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များပေါ် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)