နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင် - မော်လမြိုင်မြို့ Myanmar Lighting (IPP) ဓာတ်အားပေးစက်ရုံနှင့် အတ္ထရံ တံတားသစ်တည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင် - မော်လမြိုင်မြို့ Myanmar Lighting (IPP) ဓာတ်အားပေးစက်ရုံနှင့် အတ္ထရံ တံတားသစ်တည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး

 





MNP ၊ မတ် ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးနှင့် မန်းငြိမ်းမောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ရှိ Myanmar Lighting (IPP) Power Plant ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဓာတ်အားပေးစက်ရုံ ရှင်းလင်းဆောင်တွင်  ကုမ္ပဏီဥက္ကဋ္ဌ ဦးစိန်ဝမ်းက စက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်တင်းပေးမှု၊ ဓာတ်ငွေ့သုံး တာဘိုင်လေးလုံးနှင့် ရေနွေးငွေ့သုံး တာဘိုင်နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အား ၁၇၉ မဂ္ဂါဝပ် ထုတ်လုပ် ဖြန့်ဖြူးမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ ဓာတ်အားလိုအပ်ချက်များ ပိုမိုဖြည့်ဆည်းနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက်မည့် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်ရှိ JICA ODA LOAN ဖြင့် ဆောင်ရွက်မည့် အတ္ထရံတံတား အသစ်တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။


စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်စွာထွန်းက စီမံကိန်းဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးသည်။


အတ္ထရံတံတားအသစ်တည်ဆောက်ရေး  စီမံကိန်းသည် ပင်မတံတားအရှည် (၃၂၆) မီတာ၊  ချဉ်းကပ်တံတား (၁၅၄)မီတာ၊ တံတား အပေါ်ထည် ပင်မတံတား ၃ ခန်းတွဲ သံမဏိကြိုးဆိုင်းတံတား အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ်တံ တား T ပုံသဏ္ဌာန် ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မဖြင့် တည်ဆောက်ထားသော နှစ်ခန်းဆက် ကြိုတင်အားဖြည့် သံကူကွန်ကရစ် တံတားဖြစ်ကြောင်း၊ တံတား အကျယ် (၂၀ ဒသမ ၇ ) မီတာ လေးလမ်းသွား ၊ တံတားခွင့်ပြုတန်ချိန် HL -93 Loading (AASHTO)၊ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀)ဖြစ်ကြောင်း၊ စီမံကိန်းကာလ (၃၉)လ သတ်မှတ်ထားရာ ယခုအခါ (၁ ဒသမ ၆၃) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)