မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်




MNP - မတ်   ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ်  အိုမီခရွန်(Omicron)  ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီး သတ်ဦးစီးဌာနတို့ ပူးပေါင်း၍မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှုပိုမိုများပြားလာ၍ မိမိတို့နိုင်ငံ ထဲတွင်ရောက် ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ မျိုး ကွဲ သစ် အိုမီခရွန်ကို ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် မိမိ တို့နိုင်ငံတွင် စတင်တွေ့ရှိ လာပြီ ဖြစ်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ် ပြန် ထားသော အဓိကလိုက်နာရမည့် အချက်များနှင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင် နေ ထိုင် ကြ ရန်နှင့် ကာကွယ်ဆေးများကိုလည်း မြို့နယ်တိုင်းတွင် ထိုးနှံပေး လျက်ရှိသည်။ မြို့ပေါ် ရပ် ကွက် များ လမ်းဆုံ၊ လမ်းခွနေရာများ ၊ ဈေးဆိုင်တန်းနေရာများသို့သွား ရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေး အသိပညာပေးလှည့်လည် နှိုး ဆော်လျက် ရှိကြောင်း သိရှိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)