(၄၀)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော် လင်းခေးမြို့နယ်တွင် ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၀)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော် လင်းခေးမြို့နယ်တွင် ကျင်းပပြုလုပ်


MNP - မတ်    ၃

(၄၀)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာ‌မေးစာပြန်ပွဲတော်ကို ယမန်နေ့ နံနက်၉နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့ ပရိယတ္တိစာသင် တိုက်သုံးထပ်ကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင်လင်းခေးမြို့ မဟာဝိဟာရပရိယတ္တိ စာသင်တိုက်တွင် မူလတန်းအဆင့် ရှင်သာမဏေ (၆၅)ပါး၊ နားကုန်း‌ ကျေးရွာပရိယတ္တိစာသင်တိုက်တွင် မူလတန်းအဆင့်ရှင် သာမဏေ(၁၄၂)ပါး စုစုပေါင်း စာဖြေသာမဏေ စုစုပေါင်း(၂၀၇)ပါးတို့ဝင် ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် ပွဲတော်အား မတ်လ (၂)ရက်နေ့မှ(၉)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ် လုံးဆိုင်ရာ သံဃာ့နာယက အဖွဲ့မှ သိရသည်။

သတင်း - စိုင်းဇော်လတ်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)