အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ မတ်လ ၁၀ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အခြခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနားကို (၁၀-၃-၂၀၂၂) နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းခရိုင်မြို့နယ်များမှ ကော်မရှင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားရာတွင် မိသားစု အိမ်ထောင်စုစာရင်းများရှိပြီး အရွယ်ရောက်သူတိုင်း နိုင်ငံသားကဒ်များ ကိုင်ဆောင်ရေး အလေးထား ဆောင်ရွက်ထားကြရေး၊ မဲပေးခွင့်ရှိပြီး ဆန္ဒမဲများ ဆုံးရှုံးမှုမဖြစ်စေရေး၊ စာရင်းဇယားများနဲ့ ဆောင်ရွက်ရတာဖြစ်လို့ တာဝန်ရှိသူများအနေနဲ့ အကြိမ်ကြိမ်စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားကြရေးတို့ကို ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီး တာဝန်ခံမှ အမှာစကားပြောကြားကာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ Pilot Project နှင့်စပ်လျဉ်း၍ ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးမှ Pilot Project လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်း - မြင့်ဟန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)