လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်



MNP - မတ်    ၂၇

ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် လူငယ်၊ လူရွယ်များ လူကုန်ကူးမှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးဂွါဇာလေးက ပြည်သူများအနေဖြင့် “လူကုန်ကူးမှု တာဆီး ကာကွယ်ရေး အသိပညာပေး” အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ကိုဗစ်ကာလ အတွင်း ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို Online မှ တဆင့် ရိုက်ကူးထုတ်လွှင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေက အမျိုးသမီးများ၊ကလေးသူငယ် များနှင့်လူငယ်၊ လူရွယ်တို့အတွက် မြန်မာနိုင်ငံမှာတွေ့ကြုံနေရသည့် လူကုန်ကူးခြင်းပတ်သတ်၍ လူကုန်ကူးမှုအမျိုးအစားနှင့် လူကုန် ကူးမှုတားဆီးကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများစသည့်တို့ကို  အသိပညာ ပေးခြင်း၊ ပြည်သူများအနေဖြင့် မိမိဒေသအတွင်း လူကုန်ကူးမှုမဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ရန် အကျယ်တဝင့် ဆွေးနွေးခဲ့‌ကြောင်း သိရှိရသည်။

သတင်း - ဇင်မာဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)