ပန်းတောင်းမြို့နယ်တွင် ကျေးရွာဖွံဖြိုးရေးလုပ်ငန်း(VDP)ဖြင့်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းခွဲများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ကျေးရွာဖွံဖြိုးရေးလုပ်ငန်း(VDP)ဖြင့်ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းခွဲများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP - မတ်    ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂  (၆လ) ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ရေပေးရေးလုပ်ငန်းများ၊ မီးလင်း‌ရေး၊ ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ၏ "လုပ်ငန်းလွှဲ‌ပြောင်း‌ ပေးအပ်ပွဲနှင့် O&M သင်တန်းပို့ချခြင်း" အခမ်းအနားအား  ယနေ့နံနက်ပိုင်းက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်မှ လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ရေးလုပ်ငန်းများ၊ မီးလင်း‌ရေး၊ ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်း ကော်မတီဝင်များထံ တက်ရောက်လာသော မြို့နယ်ဆင့်ဌာနဆိုင်ရာများမှ  လုပ်ငန်းလွှဲ‌ပြောင်း‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ခံ အင်ဂျင်နီယာများမှ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း/တံတား ကော်မတီဝင်များအား လုပ်ငန်းများနှင့်ပတ်သက်၍ လည်ပတ်ပြုပြင်ထိန်းသိမ်းရေး(O&M) သင်တန်းပို့ချခဲ့ပါကြောင်း သိရှိရပါသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)