MNP ၊ ဧပြီ ၄
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ၌ ၂၀၂၁/၂၀၂၂-ခုနှစ်ပညာသင်နှစ်တက္ကသိုလ်ဝင်စာ မေးပွဲ ဓာတုဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီ အချိန် စတုတ္ထနေ့ အဖြစ် ကျောင်းသားကျောင်း သူ များအေး ချမ်းတည် ငြိမ်စွာဖြင့်စာစစ်ဌာန(၈)ခု ၌ (၁၂၃၅)ဦး ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
အမ်းမြို့နယ်တွင် စာစစ်ဌာန စုစုပေါင်း (၈)ခု ၌ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းရှိသူကျောင်း သား/ကျောင်းသူ စုစုပေါင်း(၁၃၅၂) ဦး အနက်(၁၂၃၅ )ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ-
အထက(၁)စာစစ်ဌာ၌ဖြေဆိုသူ(၁၉၄)ဦး၊အထက (၂) စာစစ်ဌာန ၌ဖြေဆိုသူ(၂၂၅)ဦး၊ အထက (၃) အရှေ့ပိုင်းစာစစ်ဌာန ၌ဖြေဆိုသူ (၂၁၅)ဦး၊အထက ရူးစာစစ်ဌာန ၌ ဖြေဆိုသူ (၉၆ )ဦး၊ အထက ဒါးလက် အ နောက် ၌ ဖြေဆိုသူ (၂၂) ဦး၊ အထက တပ်တောင် စာစစ်ဌာန ၌ ဖြေဆိုသူ( ၃၃၅ )ဦး၊အထက မင်းတက်စာစစ်ဌာ ၌ ဖြေဆိုသူ (၇၉)ဦး၊ နှင့်အထက ကျောက်မြောင်းစာစစ်ဌာန၌ ဖြေဆိုသူ (၆၉) ဦး၊စုစုပေါင်းဖြေဆိုသူ (၁၂၃၅) ဦး ရာပျက် ကွက်သူ စုစုပေါင်း (၁၁၇) ဦးရှိရာဖြေဆိုသူရာခိုင်နှုန်း (၉၁.၃၅)ရှိကြောင်းနှင့်၎င်းတို့မှာအေးချမ်းစွာဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ဌာနဆိုင်ရာများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့ဖြင့် အပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment