ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအကြိုလှုပ်ရှားမှု အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတက်ရောက်ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအကြိုလှုပ်ရှားမှု အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတက်ရောက်ဖွင့်လှစ်








MNP ၊ ဧပြီ   ၂၃ 

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည် နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြောက်ဦးမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားသည်။


ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အံတော်သိမ် ပုထိုးတော်ကြီး၊ ဓမ္မသာလဆောင်၌ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ - မြောက်ဦး  ဓာတ်ပုံပြပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်သည်။


ဓာတ်ပုံပြပွဲအခမ်းအနားဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက  မြောက်ဦးယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အဆိုပြုစာတွဲအပြည့်အစုံကို ကမ္ဘာ့အမွေ အနှစ် ကော်မတီသို့ အချိန်မီပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊  အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲကို ပထမအကြိမ် ကျင်းပခြင်းဖြစ်ပြီး စစ်တွေ၊ သံတွဲ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပုဂံမြို့တို့တွင် ဆောင်ရွက်ရန် လျာထားသည်ဟုသိရကြောင်း၊ အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲတွင် မြောက်ဦးဒေသခံ ဓာတ်ပုံပညာရှင်များက ဓာတ်ပုံ (၁၂၀)ကို ခင်းကျင်းပြသသွားမည်ဟု သိရကြောင်း၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်းဖြင့် မြောက်ဦးမြို့ သာမက ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝများပါ တစ်ဆက်တည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်  ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီးက အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံပြပွဲနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အနဂ္ဃရတနာမြေ - မြောက်ဦး ဓာတ်ပုံ ပြပွဲတွင် ပြသထားသောဓာတ်ပုံများကို လှည့်လည်ကြည့်ရှုပြီး  အံတော်သိမ်ဘုရား၊ ချိန်ကိုက်ပိဋကတ်တိုက်နှင့် လောင်ပွန်းပြောက်စေတီများအား ဖူးမြှော်ကြည်ညိုပြီး ရှားပါးအနုပညာလက်ရာများကို သဘာဝနှင့် လူတို့ပယောဂကြောင့် မပျောက်ပျက်မဆုံးရှုံးစေရေး စနစ်တကျ ကာကွယ်ထိန်းသိမ်းရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြောက်ဦးနန်းတော်၊ မြောက်ဦးရှေး‌ဟောင်း သုတေသန ပြတိုက်ခင်းကျင်းထားမှု၊  စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်၊ လောကာနန္ဒာ ဘုရား ဘက်စုံ ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားကာ လောကာနန္ဒာဘုရားဘက်စုံပြုပြင်နိုင်ရန်နှင့် ဗုဒ္ဓပြတိုက်ရှိ စင်္ကြာမုနိ ရုပ်ပွားတော်မြတ် အတွက် လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)