MNP - ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ ပထမနှစ်သင်တန်း (၁/၂၀၂၂)သင်တန်းသား/ သူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်၏ ပညာအားမာန်ခမ်းမ၌ ကျင်းပပြုလုပ် ကြောင်းသိရသည်။
ရှေးဦးစွာမင်္ဂလာရှိသောနေ့သစ်ဆီသို့ သီချင်းဖြင့်သီဆို ဖျော်ဖြေပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူ မှုရေးရာဝန်ကြီးဦးအောင်ဝင်းသိန်းက သင်တန်းသား/သူ များအားကြို ဆိုပွဲအခမ်းအနားနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ လှည်းကူး ပညာရေး ဒီဂရီကောလိပ်ကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ကြိုဆို နှုတ်ခွန်းဆက် အမှာစကားများကို အသီးသီးပြောကြားသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ(၂၇၉)ဦး တက်ရောက်ပြီးသင် တန်းကာလမှာဧပြီ (၂၀)ရက်နေ့မှ မေလ(၂၅)ရက်နေ့ အထိ သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သိရှိရသည်။
သတင်း- အေးအေးနွဲ့
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment