သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်အားကစားသင်တန်း အခမဲ့ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်အားကစားသင်တန်း အခမဲ့ဖွင့်လှစ်ပေး




MNP - ဧပြီ    ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပညာ‌ရေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်း သား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံချနိုင်စေရေးရည်ရွယ်၍  အေရိုးဗစ်အားကစား သင်တန်းကို  လူထုအခြေပြုဗဟိုဌာန (Commounity  Commounity )ခန်းမ၌ ယမန်နေ့နံနက်ပိုင်းမှ  စတင်ပြီး အခမဲ့ဖွင့် လှစ်ပေးလျက်ရှိကြောင်း သိရသည်။

အေရိုးဗစ်အားကစားသင်တန်း ဖွင်လှစ်ရခြင်းနှင့်ပတ်သတ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်း ဦးစီးအရာရှိ (တာဝန်ပေး)က  ကျောင်းသား/ကျောင်းသူတွေလေးတွေ နွေရာသီ ကျောင်းပိတ်ရက်ကာလ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အလယ်တန်း/ အထက်တန်းအဆင့် အေရိုးဗစ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ဖြစ်ကြောင်း ရှင်လင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာမ ဒေါ်အေးမြတ်ကြည်ဦးက  သင်တန်းအား သင်ကြားပေးသည်။

အဆိုပါ သင်တန်းကို  ဧပြီ ၁၂ ရက်နေ့အထိ ဖွင်လှစ်ပေးသွားမည်ဖြစ်ပြီး  အင်္ဂလိပ်စာသင်တန်း ၊ ရှေးဦးသူနာပြုစုနည်းသင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ သင်တန်း တက်ရောက်လိုသူများအနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀၉-၄၅၁၇၈၂၃၇၁ သို့ စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း  သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)