MNP ၊ ဧပြီ ၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် သင်္ချာဘာသာရပ်ကိုကျောင်းသား/ ကျောင်းသူ(၂၀၂၈) ဦး ဝင်ရောက်ပြီး အေးချမ်းစွာဖြေလျက်ရှိကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ကျောင်းတွင်းဖြေဆိုရန် (၁၁၁၇)ဦး နှင့် ပြင်ပဖြေဆိုရန် (၁၁၁၃)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၂၂၃၀)ဦး စာရင်းပေးသွင်းခဲ့ရာ ယနေ့သင်္ချာဘာသာရပ်ကိုဖြေဆိုသူ (၂၀၂၈)ဦး၊ ပျက်ကွက်သူဦးရေ (၂၀၂)ဦးရှိသည်ဖြစ်၍ စာမေးပွဲ ဖြေဆိုကျောင်းသား ရာနှုန်းမှာ (၉၀.၉၄)ရာနှုန်းဖြစ်ပြီး၊ ပျက်ကွက်သည့်ရာနှုန်း(၉.၀၆)ရှိသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၀)တွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိပြီးကျန်းမာရေးဌာနမှလည်းကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှစာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment