MNP ၊ ဧပြီ ၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်တိုးမြှင့်ထိုးနှံနိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို (၂၀၂၁)ခုနှစ် ၊ နှစ်ကုန်တွင် ရည်မှန်းလူဦး ရေ၏ (၅၀) ရာခိုင်နှုန်းကျော် ထိုးနှံပေးနိုင်ခဲ့ပြီး (၂၀၂၂)ခုနှစ်၊ ဧပြီလကုန် တွင်ရည်မှန်း လူဦးရေ၏ ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းခဲ့၍ စတုတ္တလှိုင်း တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နှုန်းနှင့်သေဆုံးမှုလျော့နည်းခဲ့ခြင်းပြီး ဖြေလျှော့မှုများဖြစ်သည့် လေကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ရုပ်ရှင်ရုံများပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း စတုတ္တလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုများမှာ ကာကွယ်ဆေးအကြိမ် ပြည့်မထိုးနှံထားသူ အများစု ဖြစ်ပါကြောင်း။
ထိုသို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ရေးဆောင်ရွက်ခဲ့ရာတွင် ဦးဆောင်လမ်းညွှန်မှုများပေးအပ်ခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အနီးကပ်ကြီးကြပ်မှု များပေး အပ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အများစုတွင် အောင်မြင်မှုများရရှိခဲ့သော်လည်း အချို့သော တိုင်းဒေသကြီး /ပြည်နယ်များတွင် ဆောင်ရွက်ရန် လုပ်ငန်းများစွာ ကျန်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ပြည့်ထိုးနှံခြင်းဖြင့် ကိုယ်ခံစွမ်းအား မြင့်မားစေပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းပိုးများ ကြောင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှုများကို ကာကွယ်နိုင်သည်ဖြစ်၍ နောင်အလားတူကြုံတွေ့ လာနိုင်သည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများကြောင့် ရောဂါပြင်းထန်စွာဖြစ်ပွားလာနိုင်မှုကို လည်း ကာကွယ်နိုင်စွမ်း ရှိနိုင်သည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုးလုပ်ငန်းသည် အထူးအရေးပါသည့် ကဏ္ဍဖြစ်သည့်အတွက် အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်း နေသေးသော တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ် များအတွင်း ကျေးလက်ဒေသအထိ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ဝယ်ယူလှူဒါန်း ရရှိထားသည့် ကာကွယ်ဆေးများဖြစ်သည့်အတွက် အလေအလွင့်မရှိ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု (၅၀ ရာခိုင်နှုန်း)အောက် လျော့နည်းနေသော မြို့နယ်များကိုဆန်းစစ်၍ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုတိုးမြှင့်ရန်အတွက် ကာကွယ်ဆေး များအဆင်သင့်ရှိပြီးဖြစ်သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကာကွယ်ဆေးထိုးအဖွဲ့များနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အခြားနှီးနွယ်ဌာနများနှင့် ပူးပေါင်း၍ အထူးအစီအစဉ်များဖြင့် တိုင်းဒေသကြီး/ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများမှ ဆောင်ရွက်မည့် အစီအစဉ်များနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများက မြို့နယ်များအလိုက် အရှိန်အဟုန်မြှင့်တင်၍ ကာကွယ်ဆေးထိုးနှံရာတွင် ကြုံ တွေ့ရသည့် အခက်အခဲများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရာခိုင်နှုန်းကို တွက်ချက်ရာတွင် ရည်မှန်းလူဦးရေစာရင်း တိကျမှန်ကန် ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အိမ်တိုင်ရာရောက် ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ အသက်(၁၈)နှစ် အောက်ပြည်သူလူထုများ၊ ကျောင်းသား/ကျောင်းသူများ ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရေး စီမံဆောင်ရွက်ရန်၊ ကာကွယ် ဆေးထိုး လွှမ်းခြံမှုကောင်းမှသာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုလျော့ကျလာမည်ဖြစ်ပြီး ဖြေလျှော့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကာ လူမှုစီးပွားဘဝတိုးတက်ရေးနှင့် ပညာရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက် နိုင်မည်ဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများအား VMIS စနစ်တွင် ရေးသွင်းထားပြီး ကာကွယ်ဆေးထိုးကတ်ပြားများ စနစ်တကျထုတ်ပေးရန်နှင့် ကာကွယ်ဆေးထိုး ကတ်ပြားများကိုင်ဆောင်ထားခြင်းဖြင့် ပြည်သူများအနေဖြင့် ခရီးသွားလာရေး စသည့်တို့တွင် အကျိုးရှိပုံကို ပြည်သူများအား အသိပေးရန်တို့အား ဆွေးနွေးသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက် မန်နေဂျာနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ Virtual စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment