ဘီးလင်းမြို့နယ်တွင် ကျား/မအခြေပြု အကြမ်းဖက် (Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် ကျား/မအခြေပြု အကြမ်းဖက် (Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

 


MNP - ဧပြီ    ၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျား/မ အခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက (၂၀၁၆) ခုနှစ်အတွင်း ကောက်ယူခဲ့သော မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေး အချက်အလက် စစ်တမ်းပေါ်မူတည်၍ တွေ့ရှိရသော မြန်မာနိုင်ငံရှိ ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုင်များ သိကောင်းစရာများကို power point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် မေးမြန်ချက်များကို တင်ပြ ဆွေးနွေးကြရာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာမျိုးမင်းက ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြောင်း သိရသည်။

သတင်း - ထူးနောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)