MNP - ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရဲတံခွန် အားကစား ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ကရာတေးဒို၊ Table Tennis၊ Ground Tennis၊ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ ပြေးခုန်ပစ်၊ အေရိုးဗစ် စသည့် ကစားနည်း(၁၂)မျိုးကို ကျွမ်းကျင်နည်းပြများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အားကစားသမားများအနေဖြင့် မိမိတို့နှစ်သက်ရာ အားကစားနည်းများအလိုက် သင်ကြားလျက်ရှိပြီး မတ်လ ၂၆ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အားကစားနည်းအလိုက် ဆုရရှိသူများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် နွေရာသီကျောင်းအားလပ်ရက်များတွင် ကျောင်းသူ/သားများ အချိန်ကိုအကျိုးရှိစွာ အသုံးချ နိုင်ခြင်း၊ အားကစားအပေါ်စိတ်ပါဝင်စားလာခြင်း၊ မျိုးဆက်သစ်အားကစားသမား ကောင်းများပေါ် ထွက်လာစေခြင်း၊ အားကစားနည်းအလိုက်အခြေခံနည်းစနစ်များတတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း ခရိုင်အားကစားမှူး ဒေါ်ခိုင်ခိုင်အေးထံမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment