ခရမ်းမြိုနယ်တွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရမ်းမြိုနယ်တွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့်

 


MNP - ဧပြီ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြိုနယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာ‌ဖွေကယ်ဆယ်‌ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် မြိုနယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြတ်စိုးမိုး ဦးဆောင်၍  သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများအား အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုတန် ဖိုးနည်းနိုင်သမျှ နည်းစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး အရေးပေါ်ရှာဖွေရေး လုပ်ငန်းတွင် အထောက် အကူ ပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်‌ကြောင့် ပျက်စီး အဆောက်အအုံရှိ လူများရှာဖွေကယ်ဆယ်ခြင်း၊ သစ်ပင်များ ပြိုလဲရာတွင် အချိန်နှင့်တစ်‌ပြေးညီ ကူညီကယ်ဆယ်နိုင်‌ရေး ဇာတ်တိုက်လေးကျင့်ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြစ်ကမ်းပါးပြိုကျခြင်းနှင့် အခြားသဘာဝဘေး အန္တရာယ်များ ကြုံတွေ့ပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့ကို ဇာတ်တိုက်လေ့ကျင့်လျက်ရှိပြီး ရှာဖွေကယ်ဆယ်‌ရေး လုပ်ငန်းသုံးပစ္စည်းများအား အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

သတင်း - ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)