MNP - ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ကျေးရွာသူ၊ ကျေးရွာသားများ လက်ဝယ်အရောက် သောက်သုံးရေ ဖြန့်ဝေခြင်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက သောက်သုံးရေ အခက်အခဲကြုံတွေ့ကာ ရေရှားပါး ကျေးရွာများဖြစ်သည့် မကွေးမြို့နယ် ကြိုးကြားကန်အုပ်စု၊ ရေကျန်ကုန်းကျေးရွာနှင့် ကြာကန်အုပ်စု၊ လေးအိမ်ကျေးရွာရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သောက်သုံးရေ ဖြည့်ဆည်း ပေးနိုင်ရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက တစ်အိမ်ထောင်လျှင် ရေဂါလံ(၅၀)ဂါလံနှုန်းဖြင့် အိမ်ထောင်စု(၂၀၆) အိမ်ထောင်စုအတွက် ရေဂါလံ စုစုပေါင်း(၁၀၃၀၀)ဂါလံအား ကျေးရွာများအရောက် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်း၊ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများအား အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မောင်ညီညာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment