မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို(၄၁၅)ဦး ဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို(၄၁၅)ဦး ဆက်လက်ဖြေဆို






MNP - ဧပြီ    ၄

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှ စတင်၍ ဖြေဆိုကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတို့တွင် ယနေ့ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၁၅)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။ 

အ.ထ. က(မအီ) စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ (၂၆၈ )  ဦးရှိပြီး ယနေ့ဓာတုဗေဒဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၂၄၆) ဦး ရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ ကျား(၁၁)ဦးနှင့် မ(၁၁)ဦး စုစုပေါင်း(၂၂)ဦးဖြစ်ကြောင်း၊ ဖြေဆိုရာခိုင်နှုန်းအနေဖြင့် (၉၁.၇၉)ရာခိုင်နှုန်းနှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ(၈.၂၁)ရာခိုင်နှုန်းရှိကြောင်း၊ အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားရှိသူ ကျောင်းသားကျောင်းသူစုစုပေါင်း(၁၉၇)ဦးရှိသည့်အနက် ယနေ့ဓာတုဗေဒဘာသာရပ်ဖြေဆိုသူဦးရေစုစုပေါင်းမှာ (၁၆၉)ဦးရှိကြောင်းနှင့် ပျက်ကွက်သူဦးရေမှာ ကျား(၁၉)ဦးနှင့် မ(၉)ဦး စုစုပေါင်း(၂၈)ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတုဗေဒဘာသာရပ်ဖြေဆိုရာ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနသို့ ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ တောင်ကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်မြို့နယ်ပညာရေးမှူးဦးကျော်ထွန်းအောင်တို့က လာရောက်စစ်ဆေးခဲ့ကြသည်။

သို့ဖြစ်၍ ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(မအီ)စာစစ်ဌာနနှင့် အ.ထ.က(လမူးမော်)စာစစ်ဌာနတွင် ဓာတုဗေဒဘာသာရပ်ဖြေဆိုသူကျောင်းသားကျောင်းသူစုစုပေါင်းဦးရေမှာ (၄၁၅)ဦးနှင့် ပျက်ကွက်သူဦးရေ(၅၀)ဦးရှိကြောင်း တောင်ကုတ်မြို့နယ်ပညာရေးမှူးရုံးကသိရသည် ။

သတင်း - မောင်မောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)