ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန(၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို

        

   

         

           

MNP - ဧပြီ   ၄

 ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင်  ယနေ့ နံနက် ၉ နာရီအချိန်က ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈ )ဦး အေးချမ်းစွာ    ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ ၂၀၂၂ - ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား/ကျောင်းးသူ ( ၁၂၅၈  ) ဦး စာရင်းပေးသွင်းထားရှိခဲ့ရာ ယနေ့ဝင်ရောက်ဖြေဆိုသူ၊ ကျောင်းသား ( ၄၅၅  ) ဦး၊ ကျောင်းသူ ( ၇၁၃ ) ဦးဝင်ရောက်ဖြေဆိုကြသည့်အတွက် စုစုပေါင်းစာမေးပွဲဖြေဆိုသူ ( ၁၁၆၈  )ဦးရှိခဲ့ရာ ဖြေဆိုသူရာနှုန်း(  ၉၂.၈၅  )ရှိပြီး၊  ပျက်ကွက်သူ ( ၉၀  )ဦးရှိသောကြောင့်   ပျက်ကွက်သူရာနှုန်း ( ၇.၁၅  )ရှိပါသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး  ကျန်းမာရေးဝန်ထမ်းများမှလည်း  ကိုဗစ်ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - အောင်နိုင် 

မြန်မာနေရှင်နယ်ပို့စ်







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)