MNP - ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မိုးညိုမြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတု ဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီက စာစစ်ဌာန ၅ ခုတွင်ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ထိုသို့ဓာတုဗေဒ ဘာသာရပ်အားဆက်လက်ဖြေဆိုရာ အထက-မိုးညိုတွင်ကျောင်းသား၊ ကျောင်းသူ(၉၂)ဦး၊အထက-ထိန်တောတွင် ကျောင်းသား၊ကျောင်းသူ(၃၄)ဦး၊အထက-ရေကင်းတွင်ကျောင်းသား၊ ကျောင်းသူ(၆၀)ဦး၊ အထက-ပတ္တော်တွင်ကျောင်းသား၊ကျောင်းသူ(၄၀)ဦး၊အထက-ဆင်မနိုင်တွင်ကျောင်းသား၊ကျောင်းသူ(၄၃)ဦး၊ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ( ၂၆၉ )ဦးရှိပြီး ဓာတုဗေဒဘာသာရပ် အား ဖြေဆိုမှုရာခိုင်နှုန်း၉၃.၀၈ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲအားကိုဗစ်-၁၉ဆိုင်ရာကျန်းမာရေးစည်းကမ်းချက် များနှင့်အညီကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့်အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ကျန်းမာရေးဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင်အဖွဲ့ဝင်များကဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment