ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊  ဧပြီ ၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် မြန်မာနိုင်ငံ ပြောင်း လုပ်ငန်းအသင်းဥက္ကဋ္ဌ  ဦးမင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့၊  မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အသင်းအဖွဲ့များသည် ဝန်ကြီးဌာနနှင့် ပြည်သူများ အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ အသင်းအဖွဲ့များအနေဖြင့် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့သည့် Supply Chain တစ်လျှောက်ရှိ လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်သွားပါက အောင်မြင်မှုများ ရရှိလာမည်ဖြစ်ကြောင်း။


ပြောင်းသည် လယ်ယာထွက်ကုန်ကဏ္ဍတွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်ကြောင်း၊ ဈေးကွက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီအောင် ဖြည့်ဆည်း ဆောင်ရွက်ပေး ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ စုပေါင်း၍ Win-Win အခြေအနေဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နှင့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြောင်းလုပ်ငန်းအသင်းများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ပြည်ပသို့ ပြောင်းတင်ပို့မှု၊ ပြည်တွင်းအစာစပ် ကုမ္ပဏီများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မည့် အခြေအနေ၊ စိုက်ပျိုး ထုတ်လုပ်မှုတွင် မျိုးစေ့၊ ဓာတ်မြေသြဇာစသည့် သွင်းအားစုဆိုင်ရာ အခက်အခဲကြုံတွေ့နေရမှုများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသည်။


အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)