MNP ၊ ဧပြီ ၄
NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများကအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြား စေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦ များ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော် များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြ သည်ကို တွေ့ရှိရပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာတွင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက် မြို့နယ်၊ ရွာသာကြီးကျေးရွာနှင့် မဲကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၅၃ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံကြား၌ ရန်ကုန်မြို့မှ ကျွန်းလှမြို့သို့ ရွှေဘိုမြို့၊ (၁)ရပ်ကွက်နေ ယာဉ်မောင်း ဖြစ်သူ ဦးဇော်ဝင်း (၄၄)နှစ်၊ (ဘ) ဦးမြင့်သိန်း မောင်းနှင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နေ ယာဉ်နောက်လိုက်ဖြစ်သူ ဦးစတီး(ခ)စိုးခိုင် (၃၀)နှစ်၊ (ဘ) ဦးစိုးသင်းနှင့် ခရီးသည် ၃၈ ဦးလိုက်ပါ လာသည့် SGG-3H/7458 “ဝင်းသစ္စာ” ခရီးသည်တင်ယာဉ်အား NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများက လမ်း၏ ဝဲ/ယာဘက်မှ လက်လုပ်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သူ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဂျူးဇာဂရ သက်တော် (၄၀)နှစ်၊ ဝါတော် (၂၀)ဝါတွင် ဝဲလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ၊ ယာဉ်မောင်း ဦးဇော်ဝင်း တွင် လည်ပင်းပွန်းပဲ့ဒဏ်ရာ၊ ယာဉ်နောက်လိုက် ဦးစတီး(ခ) စိုးခိုင်တွင် ယာဘက် မျက်လုံး မှန်စဝင်ဒဏ်ရာ၊ ဝဲမျက်ခုံးပြတ်ရှ ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မော်တော်ယာဉ်၏ လေကာမှန်များနှင့် ကိုယ်ထည်တို့တွင် မိုင်းစထိမှန် ပျက်စီးခဲ့ပါသည်။
ထိုကဲ့သို့ ခရီးသည်များ လိုက်ပါလာသည့် မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ အပူတပြင်း လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment