ရှမ်းရွာသစ်မြို့ ရေတံခွန်ကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့ ရေတံခွန်ကျေးရွာအုပ်စုတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်



MNP - ဧပြီ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ထက်ဒေသနေ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့က ရေတံခွန် ကျေးရွာအုပ်စု၌ တာဝန်ရှိသူများတို့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးနိုင်ဝင်းအောင်မှကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုတာဝန်ရှိသူများက ကာကွယ်ဆေး ထိုးရန်လာ ရောက်သည့်ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ ကို ပူးပေါင်းဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် အသက်(၁၈)နှစ်ထက် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင် ရွက်ခြင်းမရှိသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံလုပ်ငန်း ပြည့်မီရေးအတွက် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

သတင်း - ဇင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)