(၁၃၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာသင်္ကြန်အတက်နေ့တွင် မြန်အောင်၌ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၁၃၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာသင်္ကြန်အတက်နေ့တွင် မြန်အောင်၌ ကျင်းပပြုလုပ်




MNP - ဧပြီ    ၁၆

မြန်အောင်မြို့အမှတ်(၁)ရပ်ကွက် (၁၃၃) ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မဟာသင်္ကြန် အတက်နေ့ နေ့လယ်က စိန်ဝတ်မှုံရပ်ကွက် (၂) လမ်း ဘုရားမဏ္ဍပ်တွင် သံဃာတော် အရှင်သူမြတ်တို့ စုရပ်ပြုလုပ်၍ မြို့အတွင်းသို့ ဆွမ်းဆန်စိမ်းအလှူခံကြွရောက်ခဲ့ကြသည်။

မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို စိန်ဝတ်မှုံ ရပ်ကွက် (၂) လမ်း ဘုရားမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့တွင် ဘုရားအမှူးရှိသော သံဃာ တော်များအား အရုဏ်မုန့်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုလှူဒါန်း၍ တရားတော်များ နာယူပြီး နေ့လယ်(၁)နာရီတွင် ဆွမ်းဆန်စိမ်း အလှူခံကြွရောက်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိသတ်တို့အား သောက်ရေသန့်ဘူးနှင့်အချိုရည်များ လှူဒါန်းခဲ့ကြသည်။

ဘုရားအမှူးပြုသော သံဃာတော် အပါး(၁၃၀)ကျော်တို့က မြန်အောင်မြို့တွင်းသို့ စိန်ဝတ်မှုံရပ်ကွက်ရှိ ဘုရားမဏ္ဍပ်မှစတင်၍  ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ကြရာ မြို့ပေါ်ရပ်ကွက်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခဲ့ကြသည်။ 

သတင်း - ဝင်းဗိုလ် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)