မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာ ဓမ္မဃောသကအဖွဲ့က ကြီးမှူး၍ ဆဌမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာ ဓမ္မဃောသကအဖွဲ့က ကြီးမှူး၍ ဆဌမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ ကျင်းပ

 


MNP - ဧပြီ    ၁၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာ ဓမ္မဃောသကအဖွဲ့က ကြီးမှူး၍ ဆဌမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို သင်္ကြန်အတက်နေ့ ယနေ့နံနက်(၈)နာရီအချိန်က ပန်းအိုင်ကျေးရွာ  လောကသရဖူ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် ငါးပါးသီလခံယူ၍  သက်ကြီး အဘိုး၊ အဘွားများအား ဩကာသ ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးရှိခိုး ကန်တော့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထို့အပြင် အဘိုးအဘွားများအား  ဗလာမပါ ပဒေသာမဲများဖောက်၍ လှူဖွယ်ပစ္စည်းများဖြင့်လည်း ကန်တော့ခဲ့ကြသည်။ 

 “ကျနော်တို့ ဓမ္မဃောသက အဖွဲ့က ဦးဆောင်ပြီး သင်္ကြန်ကာလမှာ သက်ကြီးပူဇော်ပွဲကျင်းပခဲ့တာ ဒီနှစ်ဆိုရင်(၆) နှစ်ရှိပါပြီ၊ ရွာမ(၇)ရပ်ကွက်မှာ ရှိတဲ့ အသက်(၇၅)နှစ်အထက် အဘိုးအဘွားများကို ကန်တော့တာပါ၊ ကန်တော့ခံ မတက်ရောက်နိုင်တဲ့ အဘိုးအဘွားများကိုလည်း အိမ်တိုင်ရာရောက် သွားပြီး ကန်တော့ခဲ့ပါတယ်၊ ဒီပွဲကို  အများစုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့တာပါ၊  ငွေနှင့်ပစ္စည်း စုစုပေါင်း(၁၀)ကျော်ဖိုး ရှိပါတယ်” ဟု ဓမ္မဃောသက အဖွဲ့ဥက္ကဋ္ဌ ဦးမင်းလွင်က  ပြောသည်။

အဆိုပါနေ့က ပန်းအိုင်ကျေးရွာရှိ နန်းဦး၊ မာဃ၊ အောင်ဇေယျာ၊ ညောင်ပင်သာ၊ ဓမ္မာသန၊ အောင်မင်္ဂလာ၊ ကုန်းအရှေ့ရပ်ကွက်  (၇)ရပ်ကွက်မှ အသက်(၇၅)နှစ် အထက် အဘိုးအဘွား (၆၁) ဦး တို့အားစုစုပေါင်း ငွေကျပ် (၈၆၃ဝဝဝ)နှင့် လှူဖွယ်ပစ္စည်းအပါဝင်  စုစုပေါင်းတန်ဘိုး(၁ဝ)သိန်း ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)