နမ့်စန်တွင် နွေရာသီအားကစားအခြခံသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် နွေရာသီအားကစားအခြခံသင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့သိုင်းနှင့် လက်ဝှေ့သင်တန်းသား၊ သင်တန်းသူများက လက်ဝှေ့စွမ်းရည်များ သရုပ်ပြခြင်း၊ သင်တန်းသားတစ်ဦး က လက်ဝှေ့ဟန်ရေးပြသခြင်းနှင့် မြန်မာ့သိုင်းပြိုင်ပွဲတွင် ရှမ်းပြည်နယ် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သော မောင်ကုဋေကျော်နှင့် မောင်ဆဲလ်မွဲလ်ကျုံးတို့က မြန်မာ့သိုင်း သရုပ်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုလက်ထောက်ကြီးကြပ် ရေးမှူး ဦးအေးချမ်းနိုင်တို့က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား ခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။

အဆိုပါ နွေရာသီအားကစား အခြေခံသင်တန်းကို မတ်လ ၂၁ ရက်မှ စတင်ဖွင့်လှစ်၍ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်၊ မြန်မာ့သိုင်းနှင့် ရိုးရာလက်ဝှေ့ အားကစားနည်းများကို သင်ကြားပို့ချပေးခဲ့ရာ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၃၃၀ ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)