မန္တလေးမြို့ အင်ကြင်းမြို့တဲတိုက်နှင့် ကောင်းပင်စည်မြောက်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့ အင်ကြင်းမြို့တဲတိုက်နှင့် ကောင်းပင်စည်မြောက်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

 


MNP - ဧပြီ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်လျက်ရှိသော အင်ကြင်းမြိုင်တဲတိုက်နှင့် ကောင်းပင်စည်မြောက်တဲတိုက်သို့ ယမန်နေ့ နေ့ခင်း ၂ နာရီအချိန် ခန့်က မန္တလေးမြို့နေ ဒီဇိုင်နာဦးမျိုးမင်းစိုးနှင့် သူငယ်ချင်းများ၊ တောင်ဇင်း နယ်မြေ မီးသတ်စခန်းတို့က သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာနှင့် တဲတိုက်သည် တောင်ဇင်းတိုက်နယ်အတွင်းရှိပြီး နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် တောင်ဇင်းနယ်မြေ မီးသတ်စခန်းအနေဖြင့် မိမိဌာန လုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ သောက်သုံးရေ အကူအညီ တောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနပိုင် မီးသတ်ရေသယ်ယာဉ်နှစ်စီးဖြင့်၊ မန္တလေးမြို့မှ ဒီဇိုင်နာ ဦးမျိုးမင်းစိုးနှင့် သူငယ်ချင်းများ စုပေါင်းကာ ကောင်းပင်စည်(မ) တဲတိုက်အတွက် ရေဂါလံ ၁၆၀၀၊ အင်ကြင်းမြိုင်တဲတိုက် အတွက် ရေဂါလံ ၁၆၀၀ သွားရောက်ကူ ညီလှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။

မန္တလေးမြို့နေ ဒီဇိုင်နာဦးမျိုးမင်းစိုးနှင့် သူငယ်ချင်းများမှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံး ရေရှားပါးသည့် ကျေးရွာများအတွက် ယခုတပတ်အတွင်း ဂါလံ ၁၆၀၀၊ ဆံ့ ကားအစီး ၄၀ လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)