MNP - ဧပြီ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မဟာသကြန်အတက်နေ့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ရေပက်ကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့သင်္ကြန်အတက်နေ့တွင် တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၌ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာ အရကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများ၊ စတုဒိသာမဏ္ဍပ်များ၌ သင်္ကြန်ရိုးရာအစားအစာများဖြင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ရေပက်ခံထွက်သူများအား ကျွေးမွေးကာလာရောက် စားသုံးသူပြည်သူများဖြင့် စည်ကားလျက်ရှိပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများ၌ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရေကစားသူများနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးသီ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment