MNP - ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား ဒေသခံ ပြည်သူများ ဧပြီလ ၁၃ ရက်နေ့မှ စတင်ပြီး ယမန်နေ့ သင်္ကြန်အတက်နေ့အထိ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ကျောက်ကြီးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ရေပက်ခံထွက်သူများ၊ ရေပက်သူများနှင့် သင်္ကြန်မဏ္ဍပ်တွင် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ စတုဒိသာများကိုလည်း နေ့စဉ်မပြတ် ကျွေးမွေးလှူဒါန်းခဲ့ကြပြီး၊ ကျောက်ကြီးမြို့နယ် ကျက်သရေဆောင် ရှင်သီဝလိခြေတော်ရာဘုရားသို့ ဘုရားဖူးလာကြသူများဖြင့် စည်ကားလျက်ရှိပြီး ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment