ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ရေပက်ကစားသူများနှင့် ပင်လယ်ကမ်းခြေ တလျှောက် ရေကစားသူများဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ ရေပက်ကစားသူများနှင့် ပင်လယ်ကမ်းခြေ တလျှောက် ရေကစားသူများဖြင့်စည်ကား






MNP - ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နှစ်သစ်ကူးမဟာသင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့တွင် နံနက် ၁၀ နာရီမှစ၍  ရေပက်ကစားသူများနှင့် ပင်လယ်ကမ်းခြေ တလျှောက် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် မဟာသင်္ကြန် နှစ်သစ်ကူးကာလ သင်္ကြန်အကြတ်နေ့၌ ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတများနှင့် အတူ ရခိုင်အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများကို စတုဒိသာ ကျွေးမွေးခြင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းများအပြင် ရပ်ကွက်အသီးသီးတွင်လည်း မဏ္ဍပ်ကြီးများ ဆောက်လုပ်၍ လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များ ဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများ စုပေါင်း၍ လည်းကောင်း ရေပက်ခံထွက်သူများနှင့် ပင်လယ်ကမ်းခြေတစ်လျှောက် ရေကစား သူများ အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

“သင်္ကြန်အကြတ်နေ့တွင် ယခင်နှစ်များထက် ရေပက်ခံထွက်သူများမှာ အထူးများပြား ကြောင်း၊ နံနက် ၁၀ နာရီမှ စတင်ကာ ညနေပိုင်းအထိ လမ်းမတန်းများနှင့် ရပ်ကွက်မဏ္ဍပ် များတွင်လည်း တိုးမပေါက်အောင် အထူးလူစည်ကားလျက်ရှိကြောင်း” ရေပက်ခံထွက်သူ ဒေသခံတစ်ဦးက ပြောကြားသည်။

ကျောက်ဖြူမြို့တွင်  မြို့ပေါ်ရပ်ကွက်များ၍ ရေပက်ခံမဏ္ဍပ် ၄၀ ကျော်ခန့်ရှိပြီး မြို့ပေါ်ရပ် ကွက်နေပြည်သူများအပြင် အခြားနီးစပ်ရာ မြို့နယ်နှင့် ပြည်ပမှ ဧည့်သည်များပါ ကားများ၊ ဆိုင်ကယ်များဖြင့် လာရောက်ကာ ရေပက်ခံထွက်ပြီး အေးချမ်းစွာဖြင့် ရေကစားလျက် ရှိကြောင်း သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)