ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌"သမီးတို့၏အနာဂတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌"သမီးတို့၏အနာဂတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP -  ဧပြီ   ၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက  စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသောသမီးတို့ရဲ့ အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများကို ပြည်သူများလူငယ်များနှင့် အမျိုးသမီးများစာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး အတွက်စာပေဝါသနာရှင်များနှင့် အသင်းအဖွဲ့များအား ချိတ်ဆက်၍ စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧပြီလ၄ရက်နေ့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော သမီးတို့ရဲ့ အနာဂတ်"စာအုပ်ဖြင့်(Book Club) အသင်းဝင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဦးဝင်းသိန်းမှ စောင့်ထိန်းခြင်း၏ ကောင်းကျိရလဒ်" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်း၌ (Woman Club) အသင်းဝင်ဒေါ်ခိုင်သီတာမှ" ထိပ်တန်းမြန်မာ အမျိုးသမီးများအတွက်"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီးနောက် ပြည်သူ့စာကြည့်တိုက်တွင် ပြသထားရှိသော လျှပ်စစ်နှင့် ရေကို ခြိုးခြံချွေတာစွာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)