မြောက်ဦးမြို့တော်ကို ယူနစ်စကိုဝင်နိုင်ရန် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့တော်ကို ယူနစ်စကိုဝင်နိုင်ရန် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP - ဧပြီ   ၅

ရခိုင်ပြည်နယ်၊ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ကို ယူနစ်စကိုဝင်ရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်းကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရှေ့ဟောင်းယဉ်ကျေးမှုမြို့တော်ကို ယူနစ်စကိုဝင်ရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲ မှူးကြီးခင်မောင်စိုး အဖွင့်အမှာ စကားပြောကြားရာတွင် မြောက်ဦးမြို့တော်ကို ယူနစ်စကိုဝင်ရန်အတွက် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း နှင့်မြို့တော်သန့်ရှင်းသာယာလှပရေးတို့ကို အဓိကလုပ်ဆောင်ရမည်တို့ကို ရှင်းလင်းပြောကြား ခဲ့သည်။ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းမှ ပြောကြားရာတွင်လူမျိုးတစ်မျိုး ဖြစ်တည်လာရာတွင် ထိုလူမျိုး၏ ဘာသာရေး၊ ယဉ်ကျေးမှုဓ လေ့ထုံးတန်းများဖြစ်သည်။ လူမျိုးနွယ်တစ်ခု တီထွင်ဖန်တီးမှုတွင် ဂုဏ်ယူစရာ၊ ဆက်ခံစရာ၊ ဂုဏ်သိက္ခာ၊ တန်ဖိုးထားစရာဓလေ့များကို နောင်လာမည့် မျိုးဆက်သစ်များအတွက် ဆက်ခံထိန်းသိမ်းနိုင် ရန်လိုအပ်ပါသည်။ အမွေအနှစ်သည် ရှေးခေတ် ဘိုးဘွား၊ ဘီ၊ ဘင်တို့ ထားရှိခဲ့သည်ဖြစ်၍ ထိုအမွေအနှစ်များကို မပျက်စီးစေရန် ထိန်းသိန်းစောင့် ရှောက်ရမည်  စသည်တို့ကို ရှင်းလင်ပြောကြားခဲ့သည်၊၊ ဆက်လက်၍ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှလက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းမှ လည်း ရှေးဟောင်းမြောက်ဦးမြို့တော်သည် အေ ဒီ၉၁၅)ရာစုမှ အေဒီ(၁၉) ရာစုအတွင်း အိန္ဒိယသမုဒ္ဒရာ ဘင်္ဂလားပင်လယ်အော်ဒေသ၏ ပထဝီနိုင်ငံရေးတွင် ကုန်သွယ်ကူးသန်း သွားလာရေး၊ စီးပွားရေးတို့ဖြင့် လွမ်းမိုးခဲ့သည့် ရခိုင်ယဉ်ကျေးမှုမြို့ဖြစ်သည်။ ရေအရင်းအမြစ် နည်းပညာဖြင့် တည်ဆောက်ခဲ့သော  စစ်မက်ရေးရာနှင့် စိုက်ပျိုးရေး မြေယာရှုခင်းနယ်မြေ ပတ်ဝန်းကျင် တည်‌ဆောက်မှုများနှင့်အတူ တမူထူးခြားသည့် ဒေသဖြစ်သည်နှင့်အညီ ဗိသုကာလက်ရာများ၊ ကျောက်ဆစ်လက်ရာများနှင့် တည်ဆောက်ထားသောမြို့ဖြစ်သည် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင် ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး မြောက်ဦးမြို့တော် ယူနစ်ဝင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီးနောက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေး အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - မြင့်စို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)