MNP - ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် ဒေသန္တရဆေးခန်းတွင် အမှတ်(၂၊၃၊၄)ရပ်ကွက်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉း၀၀)နာရီအချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်( First Dose ၊ Second Dose) ထိုးနှံပြီးသည့် အသက် (၅၀)နှစ်နှင့်အထက်ရှိသူများအား Booster Dose အကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၃၁၂)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မရှိသေးသည့် အသက် (၁၈)နှစ်ပြည့်ပြီးနှင့်အထက်ရှိသူများ ပထမအကြိမ်စုစုပေါင်း (၁၁၃)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၄၁၃)ရှိကြောင်း သိရှိရသည်။ လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - ကျော်ရဲအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment