MNP - ဧပြီ ၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းက စစ်မှန်၍လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် မဲဆန္ဒရှင်စာရင်းအား မှန်ကန်စွာရရှိရေး၊ မဲဆန္ဒရှင်စာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲပေးခွင့်ရရှိရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း တစ်ခုတည်းကိုသာ အခြေခံခြင်းမဟုတ်ပဲ ပိုမိုတိကျမှန်ကန်သည့် မဲစာရင်းရရှိရေးအတွက် ကွန်ပျူတာ တက္ကသိုလ်တွင် ဌာနဆိုင်ရာဝန်ထမ်း (၆၀) ဦးတို့မှ နိုင် (၄) နံပါတ်များ ကွန်ပျူတာစာရင်းသွင်းနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြရာ တာဝန်ရှိသူများ စာရင်းရေးသွင်းမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် အရေအတွက်အား သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - စောမျိုးမင်းသိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment