စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်း ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်း ပေး


MNP - ဧပြီ    ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ယူဆောင်၍ အခမဲ့ငှားရမ်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၅)ဦးအား သုတ(၅)အုပ်၊ ရသ (၆) အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။  အဆိုပါ မိုဘိုင်းစနစ်ဖြင့်  စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)