MNP ၊ ဧပြီ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပန်ချီရေးဆွဲနည်းပြိုင်ပွဲအား ယနေ့ မွန်း လွှဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ခိုင် က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားပြီး ပန်းချီရေးဆွဲခြင်းပြိုင်ပွဲကို
ကျင်းပပြုလုပ်ခဲ့ကြရာ လက်ရာအ ကောင်းဆုံး ရေးဆွဲနိုင်သည့် အထက-၂ မှ မသွယ်သွယ်ချစ်အား မြို့နယ်ဦးစီးမှူးက အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် ကျောင်းသား / ကျောင်းသူများအား အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချ ဖြတ်သန်းနိုင်စေရန် ရည်ရွယ်၍ ပန်းချီရေးဆွဲနည်းပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ထွန်းလင်းကျော်(ပြန်/ဆက်)
https://t.me/MyanmarNationalPost



No comments:
Post a Comment