ကဝမြို့နယ်၌ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက် သင်တန်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်၌ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက် သင်တန်းကျင်းပ

 


MNP -  ဧပြီ    ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် အတက်ရောဂါဆိုင်ရာ စီမံချက်သင်တန်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက  မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သူက မြို့နယ်၌ အတက်ရောဂါစီမံချက် စတင်ခြင်းအကြောင်း၊ အတက်ရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ အမျိုးသမီးများနှင့် ကလေးများအတွက်  အတက်ရောဂါအကြောင်း သိကောင်းစရာများ၊ တက်နေသောလူနာအား အရေးပေါ် ပြုစုကုသခြင်းအကြောင်း တို့ကို သင်ကြားပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသော သင်တန်းသားများမှ သိလိုသည်များကို မေးမြန်းရာ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး အတက်ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ သင်တန်းသို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၁၀၀)ဦး တက်ရောက်၍ သင်တန်းကာလမှာ (၁)ရက်တာ သင်တန်းဖြစ်ကြောင်း သိရသည်။

သတင်း - သန်းသန်းဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)